K-Pop Matilda

သင်္ကြန်မိုး သီချင်းကို မြန်မာလို ဆိုပြသွားတဲ့ ကိုရီးယား မိန်းကလေးအဆိုတော် အဖွဲ့

 

Matilda Kpop Sexy Girls

 

မေလ(၆)ရက်နေ့က ကျင်းပခဲ့တဲ့ kpop Festival In Myanmar ပွဲတော်မှာ မိန်းကလေးအဆိုအဖွဲ့ဖြစ်တဲ့ Matilda အဖွဲ့ကတော့ မြန်မာပရိသတ်များရဲ့ နှလုံးသားကို သင်္ကြန်မိုးသီချင်းနဲ့ ဖမ်းစားသွားခဲ့ပါတယ်။

မြန်မာနိုင်ငံက နာမည်ကြီး သီချင်းတစ်ပုဒ်ဖြစ်တဲ့ သင်္ကြန်မိုးသီချင်းကို မြန်မာလို ဆိုပြသွားခဲ့တာ ဖြစ်ပါတယ်။ Matilda အဖွဲ့ဟာ သင်္ကြန်မိုး သီချင်းကို ပီပီပြင်ပြင်ကို သီဆိုပြသွားခဲ့တာပါ။ သူတို့နဲ့အတူ ပရိသတ်များကလည်း အားတက်သရော ပါဝင်သီဆိုခဲ့တာကြောင့် ဖျော်ဖြေပွဲကလည်း အရှိုန် တက်သွားခဲ့ပါတယ်။

မေလ(၆)ရက်နေ့က ကျင်းပခဲ့တဲ့ Kpop Festival ပွဲကလည်း ပရိသတ်တွေ ကွင်းလုံးပြည့် သွားရောက်အား ပေးခဲ့ကြပါ တယ်။ Exo Fan တွေကလည်း Exo အဖွဲ့ရဲ့ သီချင်းတိုင်းလိုလို လိုက်ဆိုနိုင်ခဲ့တာကိုလည်း တွေ့ရပါတယ်။ မြန်မာပရိသတ် တွေရဲ့ အားပေးမှုကတော့ ကြောက်စရာကောင်းလှပါတယ်။

 

 

ဖျော်ဖြေပွဲလက်မှတ်တွေကတော့ မျှော်မှန်းထားသလောက် မရောင်းရဘူးလို့တော့ သိရပါတယ်။

K Pop Festival 2017 in Myanmar ပွဲကိုတော့  သုဝဏ္ဏဘူမိ Event Park မှာ ပြုလုပ်သွားတာဖြစ်ပြီး EXO အဖွဲ့နှင့်အ တူ TRAX, NCT 127, MATILDA တို့လည်း ပါဝင်ဖျော်ဖြေခဲ့တာ ဖြစ်ပါတယ်။

 

Credit: Duwun

Leave a comment

Your email address will not be published. Required fields are marked *

*
*